မြို့သစ်မြို့နယ် ဆဒ္ဒန်ဆည်ရေလှောင်တမံ ရေပိုလွှဲမှ (သုည ဒသမ သုံးပေခန့်) ဆက်လက်ရေကျော်ကျ

မြို့သစ် စက်တင်ဘာ ၂၂

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စက်တင်ဘာလဆန်းပိုင်းမှစတင်၍ ဆည်၏အထက်ပိုင်း၌  မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် ယနေ့နံနက်ပိုင်းတွင် ဆဒ္ဒန်ဆည်ရေလှောင်တမံ ရေပိုလွှဲမှ (သုည ဒသမ သုံးပေခန့်) ဆက်လက်ရေကျော် ကျလျက်ရှိကြောင်း  မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

ဆဒ္ဒန်ဆည်ရေလှောင်တမံ၏  ရေပြည့်အမှတ်သည် (၅၆၀ ဒသမ ၅၀)ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ (၅၆၀ ဒသမ ၈၀) ပေရှိသည့်အတွက် ရေပိုလွှဲမှ  (သုည ဒသမ သုံးပေခန့်)  ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း၊  ဆဒ္ဒန်ဆည်ရေလှောင်တမံ၏  ရေပိုလွှဲမှ    ရေကျော်ကျမှုရှိသော်လည်း ဆည်၏ရေထုတ်ပြွန်၊ ရေပိုလွှဲနှင့်ဆက်စပ်အဆောက်အအုံများ ကြံ့ခိုင်ကောင်းမွန်သည့်အတွက် စိုးရိမ်စရာ အခြေအနေမရှိကြောင်း၊  ဆည်အခြေအနေနှင့်ပတ်သက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းထက်နှင့် တာဝန်ရှိသူ များက  ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်ထက်ထံက သိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)