မော်လိုက် စက်တင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၁၀)နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဟောပြောပွဲတွင် ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ် ရေးမှူး ဦးအေးလွင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ခရိုင်ကလေးသူငယ်အခွင့်အရေး များဆိုင်ရာကော်မတီ အတွင်းရေးမှူး လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ယှဉ်လှက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကိစ္စရပ်များ၊ ဥပေဒေများနှင့် ပတ်သက်၍ ပရိုဂျက်တာပြသကာ အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး ခရိုင်ဥပဒေအရာရှိ ဦးဆွေဦးက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သိသင့်သိထိုက်သော ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းဆွေးနွေးကြသည်။ ယင်းနောက် တက်ရောက်လာသူများကလည်း သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဟောပြောပွဲသို့ ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ မြို့ပေါ်ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်