ကျွန်းစု စက်တင်ဘာ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲမင်းဦး၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် အသက် (၉) နှစ် ပြည့်ပြီး အသက် (၁၂) နှစ် မကျော်သေးသည့် ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ကို စက်တင်ဘာလ (၁၈) ရက်နေ့မှ စတင်၍ စက်တင်ဘာလ (၂၉) ရက်နေ့အထိ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံခြင်းလုပ်ငန်းတွင် ကျန်းမာရေးဌာန ဝန်ထမ်းများက ကျောင်းသူများ၏ တစ်ပတ်အတွင်း ကိုယ်ပူချိန်မြင့်၍ ဖျားနေမှုအခြေအနေကို စစ်မေးပြီး မိဘ/အုပ်ထိန်းသူများထံ ကာကွယ်ဆေး အမျိုးအစားနှင့် ဆိုးကျိုးများကို အသိပညာပေး ပြောကြားပေးကြောင်း သိရသည်။
ထိုးနှံရာတွင် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု အသီးသီးက အခြေခံပညာကျောင်းများ၌ ကျောင်းသူ (၄၈၉၇) ဦးအား ထိုးနှံပေးမည်ဖြစ်ပြီး ယနေ့အထိ ထိုးနှံပြီးစီးသူ (၂၅၄၃) ဦး ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ထက်မြင့်(ကျွန်းစု)