ဟင်္သာတ စက်တင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ဝါဆိုသံဃာတော်များဆွမ်းကိစ္စ အဆင်ပြေစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၈ နာရီခွဲအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်းနှင့် ဇနီးတို့ ဦးဆောင်၍ ခရိုင်ထွေအုပ်ရုံးဝန်းတွင် ဟင်္သာတခရိုင်နှင့် မြို့နယ်ဝန်ထမ်းများ စုပေါင်း၍ ဆွမ်းနှင့် ဆွမ်းဟင်းများ လောင်းလှူပွဲကို ပြုလုပ်ခဲ့သည်။
အဆိုပါလောင်းလှူပွဲတွင် ဟင်္သာတမြို့ မြစ်ကွေ့ပရိယတ္တိစာသင်တိုက်မှ ဝါဆိုဝါကပ်တော်မူကြ သော သံဃာတော်အပါး(၁၄၀)တို့မှ ကြွရောက်၍ အလှူခံတော် မူကြရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်းနှင့် ဇနီးဒေါ်ခတ္တာထွန်း ဦးဆောင်၍ ရုံးဝန်ထမ်းများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွန့်ဆန်းထွန်းနှင့် ဇနီးဒေါ်အိအိခင်တို့ ဦးဆောင်သော မြို့နယ်ရုံးဝန်ထမ်းများက ဆွမ်းများ၊ ဆွမ်းဟင်းလျာနှင့် ခဲဖွယ်ဘောဇင်များ၊ အခြားလှူဖွယ်များကို စုပေါင်းလောင်းလှူ ကုသိုလ်ယူခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်(ဟင်္သာတ)