ကျိုက်လတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါတွင်းကာလ အရုဏ်ဆွမ်းလောင်းလှူ

ကျိုက်လတ် စက်တင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ် မြို့နယ်တွင် မြို့ပေါ်နှင့် အနီးအနား ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများမှ ဆရာတော်၊ သံဃာတော်၊ သီလရှင်အပါး (၇၀၀) ကျော်အား အရုဏ်ဆွမ်း လောင်းလှူခြင်းကို ယနေ့ သောကြာနေ့ (ဝါတွင်းကာလ) နံနက် အရုဏ်တက်ချိန်၊ အမှတ် (၄) ရပ်ကွက်၊ ၉×၁၀ ဗိုလ်ချုပ်လမ်းရှိ သောကြာသံဃာ့ဒါန ဆွမ်းလောင်း အသင်း၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက လှူဒါန်းကုသိုလ်ပြုခဲ့ကြ သည်။

ယနေ့၌ ကျိုက်လတ်မြို့နှင့် အနီးပတ်ဝန်းကျင်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင် များမှ ရဟန်း၊ သာမဏေ၊ သီလရှင်အပါး (၇၀၀) ကျော်အား  ဝါတွင်းကာလ အရုဏ်ဆွမ်း လောင်းလှူ နိုင်ရန်အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်နှင့် ဝန်ထမ်းများ စုပေါင်း၍ လှူဒါန်းပေးမှုနှင့် သောကြာသံဃာ့ဒါန ဆွမ်းလောင်းအသင်း နာယက၊ ဥက္ကဋ္ဌနှင့် အမှုဆောင်များက အရုဏ်ဆွမ်းတော်များ၊ ဟင်းတော်များအား ချက်ပြုတ်ပေးပြီး အလှူရှင် များနှင့် အတူ စုပေါင်းလောင်းလှူခဲ့ကြသည်။ ကျိုက်လတ်မြို့နယ်တွင် နှစ်စဉ် ဝါတွင်း(၃)လအတွင်း ဝါဆို၊ ဝါကပ်တော်မူကြသည့် ဆရာတော်၊ သံဃာတော်များအားနေ့အလိုက် အရုဏ်ဆွမ်းလောင်းလှူသည့် သံဃာ့ဒါန ဆွမ်းလောင်းအသင်းများရှိပြီး ယနေ့ ဝါတွင်းကာလ ဆွမ်းလောင်းလှူပွဲ တွင် ကျိုက်လတ်မြို့ပေါ်နှင့် အနီးအနား ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်း (၄၆)ကျောင်းနှင့် သီလရှင် ကျောင်း (၂) ကျောင်းတို့မှ ဆရာတော်၊ သံဃာတော်၊ သီလရှင်အပါး (၇၀၀)ကျော်တို့အား သောကြာသံဃာ့ဒါန ဆွမ်းလောင်းအသင်း၏ စီစဥ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ယနေ့ အရုဏ်ဆွမ်း လောင်းလှူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျိုက်လတ် (ပြန်/ဆက်)