ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း လက်ပံတန်းမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

လက်ပံတန်း စက်တင်ဘာ ၂၂

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည်  တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက် ၉ နာရီက လက်ပံတန်းမြို့ ဧရာ​ကျော်ဆန်စက်သို့ရောက်ရှိပြီး သာယာဝတီခရိုင်စီမံအုပ်ချုပ်​​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းနှင့်အဖွဲ့ဝင်များ၊ လက်ပံတန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်၊ မြို့နယ်ဆင့်ဌာဆိုင်ရာများ၊ ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာ ဧရာကျော်ဆန်စက်မှ တာဝန်ခံဦးထွန်းမင်းလှိုင်က စပါးခွံစွမ်းအင်အသုံးပြု၍ ဆန်များကြိတ်ခွဲထုတ်လုပ်ဖြန့်ဖြူးမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အိမ်တွင်းမှုထုတ်ကုန်တင့်တင့် ကရေကရာလုပ်ငန်းသို့ ရောက်ရှိပြီး ထုတ်ကုန်အရည်အသွေးမြင့်မားရေး၊ လက်မှုကုန်ထုတ်လုပ်မှုမှ ချေးငွေထောက်ပံ့မှုဖြင့် စက်မှုနည်းပညာကုန်ထုထုတ်လုပ်မှုအဖြစ် တိုးချဲ့ဆောင်ရွက်နိုင်ရေးနှင့် လုပ်ငန်းများထိထိရောက်ရောက် တိုးချဲ့လုပ်ဆောင်ကြရန် ဌာနဆိုင်ရာတာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)