ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် နတ်တလင်းမြို့ ဆေးရုံနှစ်ထပ်တိုးချဲ့ဆောင်တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး

နတ်တလင်း စက်တင်ဘာ ၂၂

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ယမန်နေ့မွန်းလွဲပိုင်းက  နတ်တလင်းခရိုင်၊ နတ်တလင်းမြို့တွင် ဆေးရုံနှစ်ထပ်တိုးချဲ့ဆောင်တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆေးရုံနှစ်ထပ်တိုးချဲ့ဆောင်တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး နတ်တလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဦးခင်မောင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဦးကျော်ကျော်ဦးနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများအားလိုအပ်သည်များကိုမှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ဆေးရုံနှစ်ထပ်တိုးချဲ့ဆောင်အား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၆၄၀ ဖြင့် တည်ဆောက်ရေး(၁)အဆောက်အဦးအထူးအဖွဲ့(၁)မှ တာဝန်ယူတည်ဆောက်ကာ ၁၀၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် တည်ဆောက်နေမှုမှာ ၈၀ ရာခိုင်နှုန်းကျော်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)