မြို့သစ် စက်တင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီခွဲက ဘုရားကြီးရပ်ကွက်၊ သရက်တောကျောင်းတိုက်ဓမ္မာရုံတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှူးကငလျင်ဘေး၊ လေပြင်းဘေး၊ မိုးကြိုးဘေး၊ မီးဘေး၊ မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာများအားလည်းကောင်း၊ လူမှုဝန်ထမ်းကယ်ဦးစီးဌာန၊ ဦးစီးမှူးက ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရန်၊ ကြိုတင်ကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ်၊ မူးယစ်အန္တရာယ်လူ့ရန်စွယ်နှင့် သဘာဝဘေးကင်းဝေးဖို့ အားလုံးဝိုင်းဝန်းပူးပေါင်းစို့ ခေါင်းစဉ်များဖြင့် အသိပညာပေးဟောပြောခဲ့သည်။
အခမ်းအနားသို့ ဒေသခံပြည်သူ(၅၀)ဦးခန့် တက်ရောက်ပြီး၊ တက်ရောက်လာသူတို့က သိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း(ပြန်/ဆက်)