ပေါက် စက်တင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဖန်ခါးမြေလက်ကမ်းစာစောင်များကို ယနေ့နံနက် ၁၁ နာရီအချိန်က အ.ထ.ကကျောင်းနှင့် မူလွန်(၂)ကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခမဲ့ဖြန့်ဝေသည်။
အဆိုပါ ဖန်ခါးမြေလက်ကမ်းစာစောင်တွင် မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် ရည်မှန်းချက်(၆)ရပ်၊ ကလေးအလုပ်သမားဆိုသည်မှာ၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေများ ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ ဆောင်ပုဒ်များ၊ ကာတွန်းများပါဝင်ပြီး လက်ကမ်းစာစောင်ကို မကွေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအသိပညာရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းဆပ်ကော်မတီက တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်ကြစေရန် ရည်ရွယ်၍ အခမဲ့ထုတ်ဝေဖြန့်ချိခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)