ကလေး စက်တင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် သတင်းဗီဒီယိုများ ပေးပို့ရာတွင် အခြေခံသဘောတရားများကို သိရှိနားလည်ပြီး လက်တွေ့အသုံးပြုတတ်စေရန်ရည်ရွယ်၍ Mobile ဖုန်းဖြင့် သတင်းဗီဒီယိုတည်းဖြတ် ပေးပို့နည်းသင်တန်းကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါသင်တန်းတွင် ဦးစီးအရာရှိ ဦးထွန်းမင်းအောင်က Power Director Software ဖြင့် ဗီဒီယိုတည်ငြိမ်အောင်ပြုလုပ်နည်း၊ Kine Master အသုံးပြု၍ ဗီဒီယိုတည်းဖြတ်နည်း၊ ရုပ်ပုံများထည့်သွင်းခြင်း၊ Logo ထည့်နည်း၊ နောက်ခံအသံထည့်နည်း၊ We Transfer ဖြင့် သတင်းဗီဒီယိုပေးပို့နည်း လက်တွေ့ဆောင်ရွက်ခြင်းများကို ဆွေးနွေးပို့ချပေးခဲ့ကြောင်း သိရသည်။
ကလေးခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများအသိဉာဏ်ပညာ ဗဟုသုတများ တိုးပွားနိုင်စေရန်အတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ၊ စာပေမြတ်သူနိုးသူများဖြင့် Online Talk Show များ၊ စာဖတ်ဝိုင်း၊ အသိပညာပေးဆွေးနွေးများနှင့် သင်တန်းများကို အပတ်စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဦးကျော်ဟိန်း
ခရိုင် (ပြန်/ဆက်)