ကလေးမြို့တွင် သောက်ရေသန့်ထုတ်လုပ်ဖြန့်ဖြူးသည့် ရေသန့်စက်ရုံများကို တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး

ကလေး စက်တင်ဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ သောက်ရေသန့်ထုတ်လုပ်ဖြန့်ဖြူးသည့် ရေသန့်စက်ရုံများအား တာဝန်ရှိသူများမှကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက တောင်ဇလပ်သောက်ရေသန့်စက်ရုံနှင့် နန်းထိုက်စံရေသန့်စက်ရုံတို့တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ သောက်ရေသန့်ထုတ်လုပ်ဖြန့်ဖြူးသည့် ရေသန့်စက်ရုံများကို တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးစစ်ဆေးရာတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမှု၊ အမှိုက်နှင့်စွန့်ပစ်ပစ္စည်းများထားရှိမှု၊ ရေသန့်သောက်သုံးသူများအတွက် ဝန်ဆောင်ပေးနေမှုအခြေအနေများ၊ မြေအသုံးချမှုနှင့် သက်ဆိုင်ရာအထောက်အထားများ၊ မီးစက်များမှ ဆူညံမှုနှင့်မီးခိုးငွေ့များ ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို စစ်ဆေးခဲ့ကြသည်။

အဆိုပါစစ်ဆေးရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဦးစီးဌာနနှင့် မိတ်ဖက်ဌာနများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ခရိုင် (ပြန်/ဆက်)