ဟုမ္မလင်း၌ သက်ကြီးဘိုးဘွားများကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်ပေး

ဟုမ္မလင်း စက်တင်ဘာလ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသခန်းမဆောင်တွင် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို စက်တင်ဘာလ ​​ ယနေ့နံနက် (၉)နာရီမှ (၁၂) နာရီထိ အပတ်စဥ်သောကြာနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သက်ကြီးဘိုးဘွားများ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသပေးဆောင်ရွက်ခြင်းကို ဟုမ္မလင်းခုတင် (၁၀၀) ဆံ့ပြည်သူ့ဆေးရုံး ဆေးရုံအုပ်ကြီးဒေါက်တာ ရန်နိုင်ဆွေ၊ အရိုးအထူးကုဆရာဝန် ဒေါက်တာ မင်းဇော်အောင်၊ ဒေါက်တာနန်းဝင်းအောင်နှင့် ဆရာ/ဆရာမများက သက်ကြီးရွယ်အိုးများအား ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း၊ မကူးစက်ခင် ရောဂါကြိုတင်ကာကွယ်ရေး၊ နှလုံးရောဂါ၊ သွေးတိုးဆီးချိုး၊ ရောဂါအခံရှိသူ သက်ကြီးဘိုးဘွားစုစုပေါင်း (၁၂၀) ဦးအားအခမဲ့ စောက်ရှောက်ကုပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သက်ကြီးဘိုးဘွားများကျန်းမာရေး စောင့်ရှောက်မှုအစီစဉ်တွင် ကျန်းမာရေးစစ်ဆေးမှုမခံယူမီ သက်ကြီးဘိုးဘွားများအား ကိုယ်ကာယကျန်းမာကြံခိုင်စေရေးအတွက် ကိုယ်ကာယလေ့ကျင့်ခန်းကို ဉီးတင်မောင်ဝင်း (HA1) က ဉီးဆောင်လေ့ကျင့်​ပေးခဲ့ကြောင်းနှင့် အာဟာရဒါနအ​နေဖြင့် ကြက်သားဆန်ပြုတ် တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

ဟုမ္မလင်း (ပြန်/ဆက်)