အောင်လံမြို့နယ် ဘွက်ကြီးရေလှောင်တမံအတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနား ကျင်းပ

အောင်လံ စက်တင်ဘာ ၂၁

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ဘွက်ကြီးရေလှောင်တမံအတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယမန် နေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်အ ဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊  ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့မှ ဝန်ထမ်းများတက်ရောက်၍ သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငါးလုပ်ငန်း ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ငါးရိက္ခာဖူလုံစေရန် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေရန်အတွက် ရည်ရွယ်၍ ငါးမြစ်ချင်းကောင်ရေ (၅၀၀၀၀)နှင့် ငါးခုံးမကောင်ရေ (၅၀၀၀၀) စုစုပေါင်း ငါးအသားပေါက်ကောင်ရေ (၁၀၀၀၀၀)သိန်းအား ဘွက်ကြီးရေလှောင်တမံအတွင်း ငါးမျိုးစိုက်ထည့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)