မင်းလှမြို့တွင် အငြိမ်းစားနိုင်ငံဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေး

မင်းလှ စက်တင်ဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ကျန်းမာရေးဦးစီးဌာနက အငြိမ်းစားနိုင်ငံဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးခြင်းကို ပြည်သူ့ဆေးရုံခန်းမ၌ ယနေ့နံနက် ၉ နာရီချိန်က ဆောင်ရွက်ခဲ့သည်။

ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးခြင်းကို မြို့နယ်ဆရာဝန်ကြီးဒေါက်တာလှဝင်းဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားနိုင်ငံဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးကုသမှုပေးခြင်းနှင့် ဆေးဝါးများအခမဲ့ဖြန့်‌ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ရာအငြိမ်းစားနိုင်ငံဝန်ထမ်းအမျိုးသား(၃၅)ဦး၊ အမျိုးသမီး(၃၁)ဦး စုစုပေါင်း(၇၆)ဦးအား  ဆေးကုသ‌မှုဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါအငြိမ်းစားနိုင်ငံဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးကုသမှုပေးခြင်းနှင့် ဆေးဝါးများအခမဲ့ဖြန့်‌ဝေပေးခြင်းများကို လစဉ်(၂၁)ရက်နေ့တိုင်းပြုလုပ်ပေးလျက်ရှိကြောင်း မြို့နယ်ဆရာဝန်ကြီးထံမှ သိရသည်။

ပေါက်စ(မင်းလှ)