သာပေါင်း စင်တင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ လစဉ်ကျေးရွာများအရောက် ကျန်းမာရေးအသိပညာပေးဟောပြော၊ အခမဲ့ ဆေးကုသ စောင့်ရှောက်ပေးလျက်ရှိသည်။
ထိုသို့ ကျန်းမာရေးအသိပညာပေး ဆေးကုသစောင့်ရှောက်ခြင်းများကို မြို့နယ် တိုင်းရင်းဆေးကုဌာန၊ တိုင်းရင်းဆေးမှူး ဆရာမကြီးဒေါ်ခင်လေးမွန်က တိုင်းရင်းဆေး သမိုင်းကြောင်းများနှင့် ရာသီဥတု အပြောင်းအလဲများတွင် ဖြစ်ပွားလေ့ရှိသောရောဂါများ ဖြစ်ပွားမှု သက်သက်ပျောက်ကင်းအောင် ဆောင်ရန်/ ရှောင်ရန်အချက်များအား အကျယ်တဝင့် အသိပညာပေးဟောပြောခြင်းနှင့် တောင်ကလေးကျေးရွာအုပ်၊ သမင်ကုန်းကျေးရွာအုပ်စုနှင့် လှေကြီးတတ် ကျေးရွာအုပ်စုများအရောက် ကျေးရွာနေပြည်သူ (၂၆၃)ဦးတို့ကို ရောဂါလက္ခဏာများ ကြည့်ရှုစစ်ဆေး နှစ်သိမ့်ဆွေးနွေး ဆေးကုသ စောင့်ရှောက်ခြင်းများကို ဆေးအကူဝန်ထမ်းနှင့်အတူ ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိပြီး ကျန်ရှိ ကျေးရွာအုပ်စုများရှိ ပြည်သူများအား လစဉ် အသိပညာပေး၊ အခမဲ့ဆေးကုသ စောင့်ရှောက်မှုများ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)