ကျောင်းကုန်းမြို့၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ရာနှုန်းပြည့်နီးပါး ထိုးနှံပြီးစီးပြီဖြစ်

ကျောင်းကုန်း စက်တင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၌ ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV)ထိုးနှံမှုမှာ ယမန်နေ့အထိ ရာနှုန်းပြည့်နီးပါး ထိုးနှံပြီးစီးပြီဖြစ်ကြောင်း ကျန်းမာရေးဌာနက သိရသည်။

ကျောင်းကုန်းမြို့နယ်အတွင်း အသက်(၉) နှစ်မှ(၁၂)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် (၂၆၆)ဦး၊ ကျန်းမာရေး ဌာနခွဲများဖြစ်သည့် ဒေါင့်ကြီးတွင်(၃၈၇)ဦး၊ လှည်းဆိပ်တွင်(၅၁၃)ဦး၊ ဝက်ချောင်းတွင် (၄၂၄)ဦး၊ ချောင်ကြီးတွင်(၃၁၈)ဦး၊ လေးအိမ်တွင် (၂၃၈)ဦး၊ ဗြိုက်တွင်(၅၂၄)ဦး၊ ဝက်ခြံဂရက်တွင် (၃၀၂)ဦး၊ ပေါက်ဆိန်ပဲ့တွင်(၃၀၄)ဦးနှင့် ဒိုးတန်းတွင် (၃၀၈)ဦးတို့ ထိုးနှံပြီးစီးပြီဖြစ်သည်။ လျာထား(၃၉၇၁)ဦးတွင် (၃၅၈၄)ဦး ထိုးနှံပြီးစီးပြီဖြစ်၍ ရာခိုင်နှုန်းအားဖြင့်(၉၀)% ဖြစ်သဖြင့် ရာနှူန်းပြည့်နီးပါး ထိုးနှံပြီးစီးပြီဖြစ်ကြောင်း ကျန်းမာရေးဌာနက သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)