အ.ထ.က‌ (ရွှေသောင်ယံ) တွင် ၂၀၂၄ ခုနှစ် စာစစ်ဌာနအတွက် ညှိနှိုင်းတိုင်ပင်ခြင်းများ ဆောင်ရွက်

ရွှေသောင်ယံ စက်တင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အ.ထ.က (ရွှေသောသ်ယံ) တွင် ယမန်‌နေ့ညနေ (၃) နာရီခွဲအချိန်က ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသည့် စာစစ်ဌာနအဖြစ် တာဝန်ယူဆောင်ရွက်ရမည်ဖြစ်သဖြင့် အခက်အခဲမရှိဆောင်ရွက်နိုင်ရန် ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းကော်မတီများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆောင်ရွက်ခဲ့သည်။

အစည်းအဝေးတွင် အ.ထ.က (ရွှေသောင်ယံ) ၊ အ.ထ.က (အုန်းချောင်း) ၊ အ.ထ.က (သပေါ့ကန်) စသည့်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်‌ဖြေဆိုကြမည်ဖြင့်သဖြင့် ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍများ၊ ကျောင်းသား၊ ကျောင်းသူမိဘများ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်သည့် အခန်းကဏ္ဍများ၊ ကော်မတီများ၏အခန်းကဏ္ဍများ စသည်ဖြင့် ညှိနှိုင်းတိုင်ပင်ခဲ့ကြသည်။

ရွှေသောင်ယံ (ပြန်/ဆက်)