ပလောက်မြို့၊မူလွန်ကျောင်း၌ ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) စတင်ထိုးနှံပေး

ပလောက်  စက်တင်ဘာ  ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ တိုက်နယ်ပြည်သူ့ကျန်းမားရေးဌာန မှဝန်ထမ်းများသည် ပလောက်မြို့၊ မူလွန်ကျောင်းတွင်ပညာသင်ကြား နေသည့် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သောကျောင်းသူများအား ယနေ့နံနက်  ၁၀ နာရီအချိန်က သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV)  ကို ထိုးနှံပေးခဲ့သည်။

ထိုသို့ထိုးနှံပေးရာတွင် ပလောက်မြို့၊ မူလွန်ကျောင်းရှိ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ(၁)ရက်‌နေ့မှ ၂၀၁၄ ခုနှစ်၊ ဩဂုတ်လ(၃၁)ရက်နေ့အတွင်း မွေးဖွားသော မိန်းကလေးငယ်ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ကို ထိုးနှံပေးလျက်ရှိရာ ကျန်းမာရေးဆရာမများနှင့်အတူ ကျောင်းအုပ်ဆရာမကြီးနှင့်ကျောင်းဆရာမများ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နှင်းမြူလွင်  (ပလောက်)