ဟင်္သာတ စက်တင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ဟင်္သာတခရိုင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၆/ ၂၀၂၃) ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးသို့ ဟင်္သာတခရိုင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ဟင်္သာတခရိုင် ကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းအဖွဲ့ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဟင်္သာတ မြို့နယ် ကုန်ဈေးနှုန်း တည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ ဟင်္သာတမြို့ပေါ်ရပ်ကွက်များမှ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ဟင်္သာတမြို့ပေါ်မှ ဆန်စက်လုပ်ငန်းရှင်များ၊ ဆီစက်လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
အဆိုပါ အစည်းအဝေးတွင် ဟင်္သာတခရိုင် ကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းအဖွဲ့ဥက္ကဌ ဦးမြင့်သန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ အတွင်းရေးမှူးမှ စားအုန်းဆီဖူလုံမှုရှိစေရေး၊ ရည်ညွှန်းဈေးထက်အမြတ်တင် မရောင်းချစေရေး၊ ဆီခွဲတမ်းများအပေါ် လုပ်ငန်းရှင်များမှလည်း မိမိတို့၏အခက်အခဲများအား ဆွေးနွေးတင်ပြစေရေးတို့ကို ဆွေးနွေးပြောကြားပြီးနောက် ဟင်္သာတ မြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်း အဖွဲ့ဥက္ကဋ္ဌမှ ဟင်္သာတမြို့နယ်အတွင်း ဆီဖြန့်ခွဲရောင်းချမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြဆွေးနွေးခဲ့သည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဆန်စက်လုပ်ငန်းရှင်များ၊ ဆီစက် လုပ်ငန်းရှင်များမှ တစ်ဦးချင်းအလိုက် ဆီရောင်းချ ပေးနေမှုအခြေအနေများ၊ ဆီရရှိမှုအခြေအနေများအား ဆွေးနွေးတင်ပြကြရာ ဟင်္သာတခရိုင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် အဖွဲ့ဝင်များမှ လိုအပ်သည်များ အပြန်အလှန်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်(ဟင်္သာတ)