လပွတ္တာ စက်တင်ဘာ ၂၀
နတ်စင်တစ်ရာဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တပညာတေဇအား အမှူးထား၍ Founder (Yuki) (ရွှေနေခြည်) ဦးဆောင်ပြီး ပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများပါဝင်သော ကျန်းမာရေးဆေးကုသမှုအဖွဲ့မှ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့ပေါ်နှင့် ကျေးရွာများရှိ ဒေသခံ ပြည်သူများအား ယနေ့ နံနက် ၈ နာရီချိန်မှစ၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ နယ်လှည့်အထူးဆေးကုသရေးအဖွဲ့သည် လပွတ္တာမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာရှိ ရှင်စောမြတ်စေတီတော်မြတ်ကြီး၏ တန်ဆောင်း အတွင်း၌ အခြေပြုပြီး လပွတ္တာမြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များနှင့် ဒေသခံပြည်သူ စုစုပေါင်း (၉၁၂) ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် အထွေထွေဆေးကုသမှုဆိုင်ရာရောဂါ ၂၆၄ ဦး၊ သားဖွားမီးယပ် ရောဂါ ၅၈ ဦး၊ အရိုးရောဂါ ၁၅၇ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၁၃၉ ဦးနှင့် သွားရောဂါ ၂၉၄ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ရာ လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေး ခဲ့ကြောင်း သတင်းရရှိသည်။
လပွတ္တာခရိုင်ပြန်/ဆက်