ချောင်းသာမြို့ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ချောင်းသာ စက်တင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန် ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ချောင်းသာမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန (.ထ.က၊ ချောင်းသာ) တို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ()နာရီက .ထ.က (ချောင်းသာ)၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး .ထ.က (ချောင်းသာ) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးစမ်းက လူငယ်စကားဝိုင်း ကျင်းပပေးမှုအပေါ် ကျေးဇူးတင်စကားပြောကြားသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဦးဝင်းကျော်ကျော်က လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားခဲ့ပြီး လူငယ် စကားဝိုင်း ဆက်လက်ကျင်းပခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူးနှင့် စာရေးဆရာ တေဇာဘုန်းမြင့်တို့နှင့်အတူ Grade-10 မှ မောင်ကောင်းခန့်ကိုက “လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး”၊ မောင်အောင်ကိုခန့်က “လူငယ်နှင့် ကျန်းမာရေး”၊ မတင်ဇာအောင်က “လူငယ်နှင့် စာရိတ္တ”၊ မယွန်းမြတ်သဉ္ဇာက ”လူငယ်နှင့် ရည်မှန်းချက်” ခေါင်းစဥ်များဖြင့် အသီးသီးဆွေးနွေး ပြောကြားခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသည့် ဆွေးနွေးမေးမြန်းမှုများအပေါ်  ဦးဆောင်ဆွေးနွေး သူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ထို့နောက် လူငယ်စကားဝိုင်း ဆွေးနွေးပွဲအပြီးတွင် အသိပညာဗဟုသုတရရှိစေမည့် နံရံကပ်စာစောင်များ ပြသထားရှိမှုအား ကျောင်းသား/သူ များက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ကျော်ကျော်(ပြန်/​ဆက်)