ရွှေသောင်ယံ စက်တင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့နံနက် (၉) နာရီအချိန်က အမက-စာသင်ကျောင်းများတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသွားရောက်၍ ကျန်းမာရေးအသိပညာပေး ဟောပြောခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။
သို့ရာတွင် ကျန်းမာရေးဟောပြောပွဲ၌ ကျန်းမာရေးဆရာမဒေါ်သီတာဝင်းမှ သွားနှင့်ခံတွင်းကျန်းမာရေးအကြောင်း၊ ရာသီတုတ်ကွေးရောဂါအကြောင်းများကို ပြောကြားခဲ့သည်။
ဆက်လက်၍ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် ကလေးများအားလိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပြီး ဆေးပေးရန်လိုအပ်ပါက အခမဲ့ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရွှေသောင်ယံ (ပြန်/ဆက်)