ကျွန်းလှမြို့နယ်၌ ရေသန့်စက်တပ်ဆင်ပြီးစီး၍ သန့်ရှင်းသောသောက်သုံးရေရရှိ

ကျွန်းလှ စက်တင်ဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရွာသီကျေးရွာအုပ်စု၊ ရွာသီ (အရှေ့) ကျေးရွာတွင် ရေသန့်စက်တပ်ဆင်ပြီးစီး၍ သန့်ရှင်းသောသောက်သုံးရေရရှိနေကြောင်း သိရသည်။

ထိုရေသန့်စက် (250 Liters Per Hour) တပ်တင်ခြင်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ရန်ပုံငွေကျပ် သန်း (၁၁ ဒသမ ၂၅) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ရေသန့်စက်တပ်ဆင်ပြီးစီး၍ ကျွန်းလှမြို့နယ်၊ ရွာသီ (အရှေ့) ကျေးရွာ အိမ်ခြေ ၅၂ အိမ်၊ လူဦးရေ (၂၅၃) ဦးအား သန့်ရှင်းသောသောက်သုံးရေ အလွယ်တကူရရှိနေကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)