သာပေါင်း စက်တင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် စက်တင်ဘာလ ၁၈ ရက်နေ့၊ နံနက် ၉ နာရီ အချိန်မှ စတင်၍ အခြေခံပညာကျောင်း များ၏ ဆေးထိုးစုရပ်များ၌ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) အခမဲ့ စတင်ထိုးနှံပေးလျက်ရှိသည်။
သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်နုနုလှိုင်နှင့် အသင်းဝင်တို့က မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ဒေါ်ဝင်းမီမီခိုင် ဦးဆောင်စီမံမှုဖြင့် ကာကွယ်ဆေးထိုး ဆရာ၊ ဆရာမများ ဆေးထိုးနှံနေမှု အခြေအနေများအား ကြည့်ရှု အားပေးကာ ကာကွယ်ဆေးထိုးစုရပ်များတွင် ဆေးထိုးနှံပြီးပါက ဘေးထွက်ဆိုးကျိုး လက္ခဏာများ မဖြစ်စေရန် စောင့်ကြပ်ကြည့်ရှု လိုအပ်သည် များ ကူညီဖေးမစောင့်ရှောက်ကြ၍ ကျန်းမာရေးဌာနမှ မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းပေါင်း(၂၃၉)ကျောင်းရှိ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သော ကျောင်းသူ(၄၀၀၁)ဦးတို့ကို သက်ဆိုင်ရာပူးပေါင်းအဖွဲ့များက စက်တင်ဘာလ(၁၈)ရက်နေ့မှ စက်တင်ဘာလ (၂၉)ရက်နေ့ အထိ အခမဲ့သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်