သံတောင်ကြီး အောက်တိုဘာ ၁၉
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးများနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရန် လိုက်နာရမည့်အချက်များ ကို သိရှိစေရန် အတွက် ကိုဗစ်-၁၉ရောဂါ အသိပညာပေးနံရံကပ်စာစောင်ကို ရုံးရှေ့ မြေစိုက်နံရံကပ်ဘုတ် တွင်ပြသဆောင်ရွက် ထားကြောင်း သိရသည်။
အဆိုပါ မြေစိုက်နံရံကပ်ဘုတ်တွင် ကျန်းမာရေးဆိုင်ရာနည်းလမ်းများ၊ ကိုဗစ်-၁၉ရောဂါ အချက်အလက်နှင့် ထင်မြင်ယူဆချက်များ ၊ လူမှုမီဒီယာအပေါ်တွင် ဘေးကင်းလုံခြုံမှု အကြောင်း ဆွေးနွေးရာ၌ ဆောင်ရန်/ ရှောင်ရန် များ၊ မီဒီယာ နှင့် သတင်းအချက် အလက်သိရှိနားလည်သော မိဘအုပ်ထိန်းမှုအတတ်ပညာ၊ ကလေးနှင့် သတင်း အတူ ကြည့်ပါ စသည်တို့နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရန်လိုက်နာရမည့် အချက်များ အား ပြသ ဆောင်ရွက်ထားကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်