ရွှေတောင် အောက်တိုဘာ ၁၉
ပဲခူးတိုင်းတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထူးရဲတပ်ဖွဲ့ဝင်များမှ ယမန်နေ့ နံနက်ပိုင်းက လုပ်အားပေးသန့်ရှင်းရေး ဆောင်ရွက်ကြကြောင်းသိရသည်။
စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် ရွှေတောင်မြို့မစခန်းမှူး ဒုရဲမှူးဇော်ညွှန့်ဦးဆောင်သည့် သင်တန်း အုပ်ချုပ်သူ၊ သင်တန်းနည်းပြများနှင့် အထူးရဲတပ်ဖွဲ့ဝင် သင်တန်းသားများ စုစုပေါင်းအင်အား(၆၀)ဦးခန့်ဖြင့် ရွှေတောင်မြို့နယ် ကသဲတန်းလမ်းရှိ သာသနာ့ဗိမာန် တော်ကြီးအတွင်း/အပြင်ဘက်ရှိ ခြုံနွယ်ပိတ်ပေါင်းများ၊ အမှိုက်သရိုက်များအား ရှင်းလင်း ဖယ်ရှား ခဲ့ကြကြောင်းသိရသည်။
ကိုကိုမင်း(ပြန်/ဆက်)