မြောင်းမြမြို့နယ်တွင် အသက်(၉)နှစ်ပြည့်ပြီး(၁၂)နှစ် မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV)ထိုးနှံပေး

မြောင်းမြ စက်တင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) ထိုးနှံခြင်းကို ယမန်နေ့နံနက် ၁၀:၀၀ နာရီအချိန်က အခြေခံပညာကျောင်းများဖြစ်သည့် အ..က ()၊ အ..က () နှင့် ရှမ်းကုန်းပိုင်း မူလတန်းကျောင်းများတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး မြောင်းမြပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာထွန်းထွန်းဝင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့၊ သက်ဆိုင်ရာတာဝန်ခံ ကျောင်းအုပ်ကြီးများက လိုက်လံအားပေးခဲ့ပြီး လိုအပ်သည်များကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)