ကန်ဘလူ စက်တင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ နွားမေထုန်မဲ့သားစပ်ခြင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် ၉း၀၀ နာရီက ကန့်ဘလူမြို့၊ အမှတ်(၅) ရပ်ကွက်ရှိ ဦးသန်းလှိုင်၏ ကျွဲနွားမွေးမြူရေးခြံ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကန့်ဘလူခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာကျော်ဝင်းက မေထုန်မဲ့နည်းဖြင့် သားစပ်ပေးခြင်းအကြောင်း၊ မေထုန်မဲ့နည်းဖြင့် သားစပ်ပေးခြင်းအားဖြင့် ရရှိသောအကျိုးကျေးဇူးများ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သားတင်ပေးနိုင်သော နွားမျိုးအကြောင်းတို့ကို ရှင်းလင်းပြောကြားကာ နွားမများအား မေထုန်မဲ့နည်းဖြင့် လက်တွေ့သားစပ် ပြသခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ကန့်ဘလူခရိုင်l စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးစိုးရွှေအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဘုန်းထက်နိုင်မြင့်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ဦးစီးမှူးများနှင့် ဝန်ထမ်းများ၊ နွားမွေးမြူသည့် တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)