အင်္ဂပူ၊ စက်တင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် ကျောင်းအခြေပြု အသက် (၉)နှစ်ပြည့်ပြီး (၁၂) နှစ်အောက် မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက အင်္ဂပူမြို့အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) မြို့မ(တောင်)တွင် ပြုလုပ်ခဲ့သည်။
အဆိုပါကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူကသွားရောက် ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
အင်္ဂပူမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးအား ကျောင်းအခြေပြုထိုးနှံကို စက်တင်ဘာ(၁၈)ရက်နေ့မှ စက်တင်ဘာ(၂၉)ရက်နေ့ထိ မြို့နယ်အတွင်းရှိ အခြေပညာကျောင်းပေါင်း (၂၇၅)ကျောင်းမှ အသက် (၉)နှစ်ပြည့်ပြီး (၁၂) နှစ်အောက် ကျောင်းသူ ၄၆၇၂ ဦးအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)