ရေနံချောင်း စက်တင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို အသက်(၉) နှစ်မှ (၁၂)နှစ်အတွင်းရှိ အမျိုးသမီးငယ် ၃၃၅၄ ဦး လျာထားထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက အခြေခံပညာကျောင်းများတွင် စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရေနံချောင်းမြို့နယ်၌ မြို့နယ်လုံးဆိုင်ရာ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးမောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ကျော်လင်းက အမျိုးသမီးများတွင်ဖြစ်ပွားတတ်သော သာအိမ်ခေါင်းကင်ဆာရောဂါ၏ လက္ခဏာများနှင့် ဆိုးကျိုးများကို အသိပညာပေးဟောပြောသည်။
ထို့နောက် မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဦးဆောင်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက သာအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ပညာရေးဝန်ထမ်းများက ပူးပေါင်းကူညီ ဆောင်ရွက်ခဲ့ကြသည်။
ရေနံချောင်းမြို့နယ်၌ သာအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို စက်တင်ဘာ ၁၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ အခြေခံပညာကျောင်း (၁၅၃)ကျောင်းမှ အသက်(၉)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသူ (၃၃၅၄)ဦးကို လျာထားထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)