ကမမောင်း စက်တင်ဘာ ၁၉
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့အတွင်းရှိ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သေးသည့် မိန်းကလေးများအားလုံးကို သား အိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) စနစ်တကျ စတင်ထိုးနှံနိုင်ရေးအခမ်းအနားကို ယမန်နေ့နံနက်(၁၁)နာရီအချိန်က ကမမောင်းမြို့အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကမမောင်းမြို့အုပ်ချုပ်ရေးမှူး ဦးသန်းလင်းက အဖွင့်အမှာစကားပြောကြားပြီး ကမမောင်းမြို့ တိုက်နယ်ဆရာဝန်ဒေါက်တာဆုရဲထက်က မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၁၁ ခုနှစ် စက်တင်ဘာလ(၁)ရက်နေ့မှ ၂၀၁၄ ခုနှစ် သြဂုတ်လ(၃၁)ရက်နေ့အတွင်း မွေးဖွားသော မိန်းကလေးငယ်များအား ၂၀၂၃ ခုနှစ် သြဂုတ်လမှ အောက်တိုဘာလအတွင်း သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ကမမောင်းမြို့အနေဖြင့် စက်တင်ဘာလ(၁၈) ရက်နေ့မှ (၂၉)ရက်နေ့အထိ ကျောင်းအခြေပြုထိုးနှံ သူဦးရေ (၁၈၆)ဦး သာရှိပြီး အောက်တိုဘာလ (၁၆)ရက်နေ့မှ(၂၇)ရက်နေ့အထိ ပြည်သူ လူထုအခြေပြု ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ကာကွယ် ဆေးအား အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သည့် မိန်းကလေးများထိုးနှံပေးမှ ဆေးအာနိသင် ထိရောက်မှာဖြစ်ကြောင်း၊ သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံရာတွင် အောင်မြင်စွာ ထိုးနှံနိုင်ရေးပြည်သူလူထုများပိုမို သိရှိအောင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် ဆွေးနွေးပြောကြားခဲ့သည်။
အခမ်းအနားသို့ မြို့အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်းလုပ်ငန်းအား သက်ဆိုင်ရာ ကျောင်းသူဦးရေများအလိုက် စတင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တင်တင်လှ(ကမမောင်းပြန်/ဆက်)