ထီးချိုင့်မြို့တွင် လူငယ်ရေးရာအသိပညာ‌ပေးဟောပြောပွဲ၊ နံရံကပ်စာ‌စောင်နှင့် စာအုပ်စာ‌စောင်ပြပွဲများကျင်းပ 

ထီးချိုင့်   စက်တင်ဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ခိုင်က လူငယ်နှင့် ယနေ့အမျိုးသမီးများ၏ အခန်းကဏ္ဍ ခေါင်းစဉ်ဖြင့် ဟောပြောရာတွင် ယနေ့အမျိုးသမီးများအနေဖြင့် အမျိုးသမီးတို့၏ အခန်းကဏ္ဍသည်    အလွန်အရေးကြီးလှကြောင်း၊ မိသားစုနှင့် ကလေးငယ်များကို ပြုစုပျိုးထောင်မှု၊ မိခင်ဘဝဖြင့်   မိမိ၏  သားသမီးများကို ပြုစုပျိုးထောင်ခြင်းတို့သည်လူ့အဖွဲ့ အစည်းဖွံ့ဖြိုးတိုးတက်မှုအတွက်လည်းကောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု အတွက်လည်းကောင်း အဓိကကဏ္ဍမှ ပါဝင်နေပါကြောင်း၊ ယခုအခါ   အမျိုးသမီးများသည် လူမှုရေးနယ်ပယ်၊ ပညာရေးနယ်ပယ်၊ ကျန်းမာရေးနယ်ပယ်၊ စီးပွားရေးနယ်ပယ်နှင့်  နိုင်ငံရေးနယ်ပယ်အထိ အမျိုးသမီးတို့သည် ကဏ္ဍအသီးသီးမှ ပါဝင်လျက် ရှိနေပါကြောင်း မိမိတို့ကျောင်းသူများ အနေဖြင့်လည်း ကဏ္ဍ အသီးသီးတွင် ပါ၀င်နိုင်သော အရည်အချင်းရှိသည့် အမျိုးသမီးကောင်းများ ဖြစ်လာရေးအတွက် စာပေဖတ်ရှုကြရန်လိုပါကြောင်း ထည့်သွင်းပြောကြားခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်ခင်အုန်းမြင့် ကလူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဉ်ဖြင့် အသီးသီး ဟောပြောခဲ့ကြောင်းသိရပါသည်။ ထို့နောက် တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများက ကလေးအလုပ် သမားပ‌ပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ရဲလင်းထွန်း (ထီးချိုင့်)