ကြံခင်း စက်တင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ကြံခင်းမြို့နယ်တွင် ငါးသယံဇာတများ စဥ်ဆက်မပြတ် ရေရှည်ထိန်းသိမ်းနိုင်ရေး၊ ငါးထုတ်လုပ်မှု တိုးတက်မြင့်မား လာစေရေးနှင့် ငါးရိက္ခာဖူလုံစေရေးတို့အတွက် သဘာဝရေပြင်(ဧရာဝတီမြစ်)အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက် (၈)နာရီအချိန်က ကြံခင်းမြို့နယ် ချောင်းဝရပ်၊ ဘိလပ်မြေဆိပ်ကမ်း၌ ကျင်းပသည်။
အဆိုပါ သဘာဝရေပြင်(ဧရာဝတီမြစ်)အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းကို မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊ အမှတ်(၃၂)အကြီးစားစက်ရုံ (ကြံခင်း)စက်ရုံမှူးဦးဝင်းနိုင်၊ မြန်အောင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန ခရိုင်(တာဝန်ခံ) ဒေါ်အေးမြင့်ဦး၊ ငါးလုပ်ငန်း စခန်းတာဝန်ခံနှင့် ဝန်ထမ်းများ၊ မြို့နယ်ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ကွပ်ကဲရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များ တက်ရောက်၍ သဘာဝရေပြင် (ဧရာဝတီမြစ်)အတွင်းသို့ ငါးမြစ်ချင်းငါးသားပေါက်ကောင်ရေ(၁)သိန်း ငါးမျိုးစိုက်ထည့်ခဲ့ကြကြောင်း သိရသည်။
ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ဒေသနေပြည်သူများ ငါးရိက္ခာဖူလုံစေရန် နှစ်စဉ်သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ပေးခြင်းကို ဆောင်ရွက်ကြကြောင်း မြန်အောင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်(တာဝန်ခံ) ဒေါ်အေးမြင့်ဦးထံက သိရသည်။
မြို့နယ်ပြန်/ဆက်)