ဒေးဒရဲမြို့၌ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေး (HPV) စတင်ထိုးနှံ

ဒေးဒရဲ စက်တင်ဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အသက်(၉)နှစ် ပြည့်ပြီး (၁၂)နှစ် မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဒေးဒရဲမြို့နယ်၊ အမှတ်(၁) ရပ်ကွက်ရှိ အခြေခံပညာ မူလတန်းကျောင်း(မြို့မ)၌ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ချိုချိုဝင်းနှင့် အမျိုးသမီးကျန်းမာရေး ဝန်ထမ်းများက အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သော မိန်းကလေးငယ်ကျောင်းသူများ အား ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 ဒေးဒရဲမြို့နယ်တွင် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သော မိန်းကလေးငယ် ရည်မှန်းဦးရေ (၄၆၉၆)ဦးအား  ၂၀၂၃ ခုနှစ် စက်တင်ဘာမှ အောက်တိုဘာလအတွင်း သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးသွားမည်ဖြစ်ပြီး စက်တင်ဘာလ (၁၈) ရက်နေ့ မှ (၂၉) ရက်နေ့အထိ ကျောင်းအခြေပြုထိုးနှံပေးမည်ဖြစ်ပြီး အောက်တိုဘာလ (၁၆) ရက်နေ့မှ (၂၇) ရက်နေ့ အထိ ပြည်သူလူထုအခြေပြု ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် သိရသည်။

အေဇာလင်း