သာယာဝတီ စက်တင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံခြင်းကို စက်တင်ဘာလ ၁၈ ရက်နေ့မှစ၍ အခြေခံပညာကျောင်းများတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သာယာဝတီမြို့နယ်တွင် အခြေခံပညာကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး စတင်ထိုးနှံခြင်းကို စက်တင်ဘာလ ၁၈ ရက်နေ့မှစ၍ ၂၉ ရက်နေ့အထိ ထိုးနှံပေးသွားမည်ဖြစ်ပြီး ပြည်သူလူထုအခြေပြုထိုးနှံခြင်းကို အောက်တိုဘာလအတွင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ သာယာဝတီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း ၁၉၁ ကျောင်းမှ ကျောင်းသူ ၃၄၄၂ ဦးအား ကာကွယ်ဆေးထိုးပေးရမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
သန့်ဇော် (သာယာဝတီ)