ဟင်္သာတ စက်တင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ဒေါ်မိုးမိုးအေးသည် တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဒေါ်ထွေးထွေး၊ ဟင်္သာတခရိုင် တရားသူကြီး ဒေါ်အေးအေးခိုင်တို့နှင့် အတူ ယနေ့ နံနက်ပိုင်းက ဟင်္သာတအကျဥ်းထောင်အား ကြည့်ရှုစစ်ဆေးရာ အကျဥ်းထောင် တာဝန်ခံ အရာရှိက အကျဥ်းထောင်အတွင်း အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးနှင့် တာဝန်ရှိသူများသည် အကျဥ်းထောင်အတွင်း အကျဥ်းသား၊ အကျဥ်းသူ၊ အချုပ်သား၊ အချုပ်သူများ နေထိုင်သည့် အဆောင်များ၊ စားဖိုးဆောင်၊ ဆေးပေးခန်းတို့ကို လှည့်လည်ကြည့်ရှုကာ ၎င်းတို့၏ ဥပဒေပါ အခွင့်အရေးများ ရရှိခြင်း ရှိ/မရှိ၊ နေရာထိုင်ခင်း သက်သာချောင်ချိမှုရှိ/မရှိ၊ စားသောက်ရာတွင် အစာအာဟာရသင့်တင့်မျှတမှု ရှိ/မရှိနှင့် ကျန်းမာရေးစောင့်ရှောက်မှု ရ/မရ အခြေအနေများကို ကြည့်ရှုစစ်ဆေးမေးမြန်းခဲ့ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် အကျဥ်းထောင် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက် (ဟင်္သာတ)