ဟုမ္မလင်း အောက်တိုဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်း ခုတင် (၁၀၀)ဆံ့ ပြည်သူ့ဆေးရုံ၊ သံဃာဆေး ကုသဆောင်၌ ဆေးကုသမှုခံယူခဲ့သော ဒုတိယကိုဗစ်လူနာ အမျိုးသားမှာ ယနေ့နံနက် (၈) နာရီခွဲတွင် ဆေးရုံမှ ဆင်းခဲ့ကြောင်းသိရသည်။
အဆိုပါ ပိုးတွေ့လူနာသည် အောက်တိုဘာလ (၁) ရက်နေ့တွင် သာယာဝတီအကျဉ်းထောင်မှ ပြစ်ဒဏ်စေ့လွတ်မြောက်ခဲ့ပြီး၊ ယင်းနေရာမှ အငှားယာဉ်ဖြင့် ပြန်လာရာ ဟုမ္မလင်းမြို့ အထက (၁) ကျောင်းတွင် Quarantine ထားရှိပြီး၊ အောက်တိုဘာလ (၇)ရက်နေ့က ဓာတ်ခွဲနမှုနာကို မန္တလေး ဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးခဲ့ရာ အောက်တိုဘာလ (၉)ရက် ညနေပိုင်းတွင် ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ဟုမ္မလင်းမြို့နယ် မိုင်းကိုင်းကျေးရွာအုပ်စု၊ သက္ကယ်တောင် ကျေးရွာနေ အသက်(၃၇)နှစ် အရွယ် အမျိုးသားဖြစ်ပြီး၊ ကျန်းမာရေး ဝန်ထမ်းဆရာမ (၂) ဦးက အနီးကပ်ကြပ်မတ် ကုသပေးခဲ့မှုကြောင့် သက်သာပျောက်ကင်းခဲ့ကြောင်း သိရသည်။
လင်းလင်း(ပြန်/ဆက်)