လောင်းလုံးမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်

လောင်းလုံး စက်တင်ဘာ ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် စာရေးဆရာ ဒေါက်တာခင်မောင်ညိုရေးသားထားသော လူငယ်နှင့် အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း စာအုပ်ဖြင့် ပြုလုပ်သည်။

ရှေးဦးစွာ လောင်းလုံးမြို့နယ်၊ စာရေးဆရာအသင်း Book Club ဥက္ကဋ္ဌ၊ ဒေါ်ခင်မိုးမိုးက အမှာစကား​ပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သိန်းသိန်းက စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ထို့နောက် ​မြို့နယ်စာရေးဆရာအသင်း Book Club ဥက္ကဋ္ဌ၊ ဒေါ်ခင်မိုးမိုးက စာရေးဆရာ ဒေါက်တာခင်မောင်ညိုရေးသားထားသော လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်းစာအုပ်မှ လူငယ်နှင့်အမြင် ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Book Club အတွင်းရေးမှူး၊ ဒေါက်တာသိန်းဇော်မှ လူငယ်နှင့် မုလာဥဝါ၊ ကြက်ဥနဲ့ ကော်ဖီဘဝအမြင် ခေါင်းစဥ်ဖြင့် လည်းကောင်း၊ Woomen Club  အတွင်းရေးမှူး၊ ဒေါ်ကေသွယ်ထွန်းမှ မှားမှာကို မကြောက်ပါနဲ့ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Youth Club အဖွဲ့ ဥက္ကဋ္ဌ ဒေါ်နီလာက လူငယ်နှင့် အလှအပ ဝင့်ကြွား ခြင်းခေါင်းစဥ်ဖြင့် လည်းကောင်း အသီးသီးဆွေးနွေး၍ တက်ရောက်လာကြသော စာပေချစ်မြတ် နိုးသူများက စာအုပ်နှင့်ပတ်သက်၍ မိမိတို့၏ အထင်အမြင်နှင့် အတွေ့အကြုံများကို အပြန်အလှန် ဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်စာရေးဆရာအသင်းBook Club အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ Woomen Club အဖွဲ့ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ Youth Club အဖွဲ့ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ စုစုပေါင်း အင်အား (၁၅)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။

သိန်းသိန်း(လောင်းလုံး)