ရေကြည် အောက်တိုဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ဗထူးရပ်ကွက် အောင်ဝိဇ္ဇာပိုင်းတွင် ယမန်နေ့ ညနေ (၆) နာရီခွဲအချိန်ခန့်က လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနေအိမ် (၁) လုံး ပြိုကျပျက်စီး ခဲ့ကြောင်းသိရသည်။
လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အဆိုပါရပ်ကွက်အတွင်းရှိ သွပ်မိုး၊ ထရံကာ၊ နေအိမ်(၁)လုံး ပြိုကျပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ၂ သိန်း ၅ သောင်းခန့်ဖြစ်ကြောင်း၊ လေပြင်းတိုက်ခတ်မှုကြောင့် လူ ၊ တိရစ္ဆာန်နှင့် အသက်အန္တရာယ်၊ အခြား ထိခိုက်ပျက်စီးဆုံးရှုံးမှု မရှိခဲ့ကြောင်း သိရသည်။
လတ်တလောတွင် ပြိုပျက်နေအိမ်အား ဖယ်ရှားရှင်းလင်းခြင်းနှင့် အိမ်ထောင်စုဝင်များအား ကျေးရွာအတွင်းရှိ ဆွေမျိုးသားချင်းများ၏နေအိမ်သို့ ယာယီပြောင်းရွှေ့နေရာချထားခြင်းများကို သက်ဆိုင်ရာ ကျေးရွာတာဝန်ရှိ သူများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်သူဟန် ( ပြန်/ဆက်)