အောင်လံခရိုင်၊ အောင်လံမြို့၌ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ မြို့နယ်အဆင့် ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

အောင်လံ စက်တင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၆ ရက်နေ့နံနက်(၉)နာရီက အောင်လံမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်က အဖွင့်မှာစကားပြောကြားခဲ့ပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသည် တည်ရှိနေဆဲဖြစ်သည့် ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်များမတိမ်မြုပ်၊ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက် မြှင့်တင်ပေးနေခြင်းဖြစ်၍ အားလုံးက ဂုဏ်ပြုကြိုဆိုအားပေးရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်အဆင့် အဆိုပြိုင်ပွဲနှင့် အကပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ အောင်လံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အခြေခံပညာ(၁၃၊ ၁၆)နှစ်၊ အဆိုရှင်များ၊  အကရှင်များ၊ မြန်မာ့အကကဗျာလွတ် (ပထမအဆင့်)တို့ကို ကျောင်းသား၊ ကျောင်းသူများနှင့် ဝါသနာရှင်အဆင့် အမျိုးသား၊ အမျိုးသမီးအဆိုရှင်များမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မြို့နယ်အဆင့်ပြိုင်ပွဲတွင် ဆုရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး အမှတ်တရစုပေါင်း ဓာတ်ပုံများရိုက်ကူးခဲ့ကြောင်း သိရသည်။

အောင်လံ(ပြန်/ဆက်)