နတ်မောက် စက်တင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် အင်းကုန်းကျေးရွာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် နေကြာစိုက်တောင်သူများပူးပေါင်း၍ နေကြာမျိုးသန့် ထုတ်လုပ်ဖြန့်ဖြူးရေးအတွက် မျိုးရွေးချယ်ခြင်းလုပ်ငန်းများကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် မိုးရာသီနေကြာသီးနှံများကို (၃၀၃၇၂) လျာထား ဆောင်ခဲ့ရွက်ပြီး (၂၅၆၇၁) ဧက စိုက်ပျိုးခဲ့ပြီးဖြစ်ရာ စက်တင်ဘာလ (၁၅) ရက်နေ့အထိ (၈၀၈၁) ဧက ရိတ်သိမ်းပြီးဖြစ်သည်။ မြို့နယ်အတွင်း ဆီထွက်သီးနှံ နေကြာအထွက်နှုန်းတိုးတက်စေရေး ဆင်းရွှေကြာ-၂ မျိုးစေ့ထုတ် (၅၀)ဧက စိုက်ပျိုးထားရှိပြီး မိုးနှောင်းကာလနှင့် ဆောင်းရာသီများတွင် စိုက်ပျိုးနိုင်ရန်အတွက် နေကြာမျိုးသန့် ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဆင်းရွှေကြာ-၂ နေကြာမျိုးမြှင့်တင်ရေး လုပ်ငန်းဆောင်ရွက်ရန်အတွက် မျိုးရွေးခြယ်ခြင်း လုပ်ငန်းများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးပညာပေး ဝန်ထမ်းများနှင့် တောင်သူများပူးပေါင်း၍ အင်းကုန်းကျေးရွာရှိ တောင်သူ ဦးသိန်းဝင်းနှင့် ဦးကြည်တိုးတို့၏ မျိုးသန့်စိုက်ခင်းများတွင် ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုထံက သိရသည်။
မူမူစန်း