မြန်အောင် စက်တင်ဘာ ၁၇
မြန်မာ့နိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှကြီးမှူးပြီး ဧရာဝတီတိုင်းဒေသကြီး ရိုးရာလက်ဝှေ့ဆပ်ကော်မတီမှ စီစဥ်ကျင်းပသော မျိုးဆက်သစ်လူငယ်ပြန့်ပွားရေး မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကို ယနေ့နေ့လည်က မြန်အောင်မြို့ အောင်ဇေယျအားကစားခန်းမ တွင်ကျင်းပခဲ့ ကြောင်းသိရသည်။
မျိုးဆက်သစ်လူငယ်ပြန့်ပွားရေး မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် ၂-ချီ စိန်ခေါ်ပွဲတွင် ဇော်ကြီး (ဟင်္သာတ) Vs သူရဇော်(မြန်အောင်)၊ ကောင်းထက် (လုံးချောကလပ်) Vs နေကြီး (ဟင်္သာတ)၊ ရဲကျော်အောင် (360 Sports) Vs မိုးသောက်ကြယ် (လုံးချောကလပ်) တို့ယှဥ်ပြိုင် ထိုးသတ်ခဲ့ကြသည်။
၃-ချီ စိန်ခေါ်ပွဲတွင် ရိုးရာသား (ဟင်္သာတ) Vs နွေဦး(လုံးချောကလပ်)၊ မြင့်မြတ်ဟိန်း (လုံးချောကလပ်) Vs ဇော်ဒူလမရှီး (Power Punch)၊ စသန်းဖြိုးဇော် (Power Punch) Vs ဆန်းသူအောင် (Smart Fight/ မြန်အောင်)တို့ ယှဥ်ပြိုင်ထိုးသတ်ခဲ့ကြသည်။
၅-ချီ စိန်ခေါ်ပွဲတွင် အဖိုးသွေး (Lethwei warriors) Vs စိုးမိုးဇော် (360 Sports) နှင့် မင်းထက်ကျော် (နဂါးမာန်) Vs ကြယ်စင်ထွန်း (Lethwei warriors) တို့ယှဥ်ပြိုင်ထိုးသတ်ခဲ့ကြပြီး မြန်မာ့ရိုးရာလက်ဝှ့ဝါသနာရှင်များ၏ ကြားပွဲများလည်း ယှဥ်ပြိုင်ခဲ့ကြောင်း သိရသည်။
မျိုးဆက်သစ်လူငယ်ပြန့်ပွားရေး မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် အနိုင်ရလက်ဝှေ့သမားများ၊ အကောင်းဆုံးလက်ဝှေ့ဟန် ရေးပြအားကစားသမားတို့အား ဂုဏ်ပြုဆုတံဆိပ်များ ပေးအပ်ခဲ့ကြောင်းသိရသည်။
ဝင်းဗိုလ် (ပြန်/ဆက်)