မိုဝိုင်းလွတ် စက်တင်ဘာလ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မိုဝိုင်းလွတ်မြို့၌ ဒေသခံပြည်သူများသည် အသက်မွေးဝမ်းကျောင်းအဖြစ် ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိရာ မိမိတို့၏တောင်ယာစပါးခင်းထဲတွင်ဆင်ခရမ်းချဥ်သီး ဒေသခေါ် (မပူ ) ကိုကြားညှပ်စိုက်ပျိုးကြသည်။
ဆင်ခရမ်းချဥ်သီး ဒေသခေါ်မပူပင်များသည် နွေ၊ မိုး၊ ဆောင်း ရာသီမရွေးဖူးပွင့် အသီးသီးကြပြီး ယခုစက်တင်ဘာလမှစ၍ လှိုင်လှိုင်ထွက်ရှိ၍အသီးများရင့်မှည့်ကာ ခူးဆွတ်ရောင်းချလျက်ရှိသည်။ လက်ရှိအချိန်တွင်ဆင်ခရမ်းချဥ်သီး တစ်ပိဿာလျှင် ကျပ် ၄၀၀၀ မှ ၅၀၀၀ အထိရရှိကြပြီး စျေးကောင်းရရှိသည့်အတွက် ဆင်ခရမ်းချဥ်သီးစိုက်တောင်သူများ စားဝတ်နေရေး အဆင်ပြေချောင်လည်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆင်ခရမ်းချဥ်သီးကို မိုဝိုင်းလွတ်မြို့မှ ဟုမ္မလင်းမြို့ တွင်းနှင့်ဟုမ္မလင်းမြို့နယ် နမ့်တောကျေးရွာ ရွှေမှော်ဒေသများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
မိုဝိုင်းလွတ် (ပြန်/ဆက်)