သာပေါင်း စက်တင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာရေးများ လဝက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၁၅ ရက်နေ့၊ နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။
ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှဝင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသန်းနိုင်၊ အဖွဲ့ဝင်(၂) ဦးကျော်တိုး၊ အဖွဲ့ဝင်(၃) မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးမြင့်မြတ်ဇော်တို့မှ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ လဝက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လုံခြုံရေးကိစ္စ ဆောင်ရွက်ရန်၊ ငဝန်မြစ်ရေကြီးမြင့်မှုကြောင့် လူနေအိမ်၊ စာသင်ကျောင်း၊ စပါးစိုက်ခင်း အခြေအနေများတင်ပြရန်၊ စားသုံးဆီ ဖြန့်ဖြူးရောင်းချရေး ရပ်ကျေးကော်မတီဖွဲ့ပြီး ကြီးကြပ်ဆောင်ရွက်ရန်၊ ဆီဖူလုံရေး (မြေပဲ၊ နှမ်း၊ နေကြာစိုက်ပျိုးရန်)၊ လယ်မြေအခြားနည်း ကျူးကျော်မှုမရှိရေးဆောင်ရွက်ရန်၊ ရေဝင်ရောက်သည့် စပါးစိုက်ခင်းများ စိစစ်တင်ပြရန်၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) မျိုးစေ့ထုတ် စိုက်ပျိုးရန်၊ ဆောင်းနေကြာ(၂၁၀၈)ဧက လျာထားဧကပြည့်မီအောင် စိုက်ပျိုးရန်၊ ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာ ဆေးထိုးဆောင်ရွက်ရန်၊ ကိုယ်ဝန်ဆောင်မိခင် (၆၇)ဦး နိုင်ငံသားစိစစ်ရေးကတ်ပြား မလုပ်ရသေးသဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ရန်၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကုသလိုသူများ ပုသိမ်သို့ သွားရောက်ကုသရေး နှိုးဆော်ကုသဆောင်ရွက်ရန်၊ ပါတီဝင်စာရင်းများ မြေပြင်တွင် ရှိ၊ မရှိ စိစစ်ဆောင်ရွက်ရန်နှင့် အထွေထွေကိစ္စရပ်များအား အသေးစိတ် ဆွေးနွေးမှာကြားရာ ကဏ္ဍအလိုက် ပြန်လည်ဆွေးနွေးတင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ငဝန်မြစ်ရေဝင်ရောက်လျက်ရှိသော ကျေးရွာအုပ်စု(၉)မှ တိရစ္ဆာန်များအတွက် နွားစာအိတ်(၂၅)ကီလို အိတ်(၂၀)၊ ဝက်စာအိတ်(၅)ကီလို အိတ်(၁၀၀)တို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဦးစီးမှူးဒေါက်တာကျော်လင်းတို့က သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လက်ဝယ်သို့ ဖြန့်ဖြူး ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)