ချောက် စက်တင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ယမန်နေ့နံနက် ၇ နာရီအချိန်က ချောက်မြို့ အမှတ်(၁၀)ရပ်ကွက်၊ အေးစေတီရပ်၊ မဟာအေးစေတီဘုရား၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ချောက်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးချမ်းမြေ့ဝင်း ကြီးကြပ်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းသန်း၊ မြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းဆန်း၊ယာဥ်ထိန်းရဲတပ်ဖွဲ့စိတ်မှူး ရဲအုပ် ဝင်းလှိုင်၊ ရေနံမြေလုံခြုံရေးရဲတပ်ဖွဲ့မှ ရဲအုပ်ကျော်ရဲဌေး၊ အရာရှိနှင့် အခြားအဆင့်ရဲတပ်ဖွဲဝင်များ စုစုပေါင်းအင်အား (၇၀)ဦးတို့က အမှတ်(၁၀)ရပ်ကွက်၊ အေးစေတီရပ်၊ မဟာအေးစေတီဘုရားပရဝဏ် အတွင်း၊ အပြင် သန့်ရှင်းသာယာလှပရေးအတွက် တံမြက်စည်းလှည်းခြင်း၊ ပေါင်းမြက်ချုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များကို စနစ်တကျရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြပြီး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)