သာပေါင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မိုးသက်လေပြင်းတိုက်ခတ် မြစ်‌ရေဝင်‌ရောက်မှုကြောင့် နေအိမ်(၂)လုံးပြိုပျက်စီးခဲ့ရသည့် မိသားစုများအား ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ပေးအပ်

သာပေါင်း စက်တင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် စက်တင်ဘာလ ၁၂/၁၃ ရက်နေ့များက မိုးသက်လေပြင်းတိုက်ခတ် မြစ်ရေဝင်ရောက်မှုကြောင့် နေအိမ်(၂)လုံး ပြိုကျပျက်စီး ဆုံးရှုံးခဲ့ရသည့် မိသားစုများအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ စက်တင်ဘာလ ၁၅ ရက်နေ့နံနက် ၁၁ နာရီအချိန်က ဆန်ရိက္ခာနှင့်အိမ်ဆောက်ပစ္စည်းဖိုးများ ထောက်ပံ့ပေးအပ်ခဲ့သည်။

မိုးသက်လေပြင်းတိုက်ခတ် မြစ်ရေဝင်ရောက်မှုကြောင့် စက်တင်ဘာလ ၁၂ ရက်နေ့၊ ညနေ ၆ နာရီအချိန်က စစ်ပင်ကြီး ကျေးရွာအုပ်စု၊စစ်ပင်ကြီး ကျေးရွာနေထိုင်သူ ဦးအေးကိုနှင့်အတူနေ အမျိုးသား(၂)ဦး၊ အမျိုးသမီး(၂)ဦး ပေါင်း(၄)ဦးတို့၏ ဓနိမိုး၊ ဓနိကာ၊ ဝါးခင်း(၁၅×၁၂×၁၂) နေအိမ်ပြိုကျပျက်စီး ဆုံးရှုံးခဲ့ရသည့် မိသားစုအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀ဝ)ကျပ်၊ လူဦးရေ (၄)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ ရန်ပုံငွေ (၈၄၀ဝ)ကျပ်၊ ပေါင်းထောက်ပံ့ငွေကျပ် (၁၀၈၄ဝဝ)ကျပ်၊ သရက်တော ကျေးရွာအုပ်စု၊ ရေလဲကြီးကျေးရွာနေထိုင်သူ ဦးနိုင်ထူး(ခ)မျိုးမြင့်နှင့် အတူနေ အမျိုးသား(၃)ဦး၊ အမျိုးသမီး(၄)ဦး ပေါင်း (၇)ဦးတို့၏ ဓနိမိုး၊ ဓနိကာ၊ ပျဥ်ခင်း (၁၅×၁၂×၁၈) နေအိမ်တို့ ပြိုကျပျက်စီး ဆုံးရှုံးခဲ့ရသည့် မိသားစုအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀ဝ)ကျပ်၊ လူဦးရေ(၇)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ(၁၄၇၀ဝ)ကျပ်၊ ပေါင်း ထောက်ပံ့ငွေကျပ် (၁၁၄၇၀ဝ)ကျပ်တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှူးဒေါ်ခိုင်ခိုင်ဝင်းတို့မှ ဘေးသင့် မိသားစုလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)