ကန့်ဘလူမြို့တွင် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ကန့်ဘလူ စက်တင်ဘာလ ၁၈

၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင်ကျရောက်သော (၅၉)နှစ်မြောက်ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကန့်ဘလူခရိုင်ရဲတပ်ဖွဲ့မှ ကန့်ဘလူမြို့၊ ခုတင် (၁၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီး၌ စက်တင်ဘာလ ၁၆ ရက်နေ့နံနက် ၀၇း၀၀ အချိန်က စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကန့်ဘလူမြို့၊ ခုတင် (၁၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီးဝန်းအတွင်း ချုံနွယ်များ ရှင်းလင်းခြင်း၊ ပေါင်းမြက်ပင်များ ရှင်းလင်းခြင်းတို့ကို ကန့်ဘလူခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးသောင်းထိုက် ဦးစီး၍ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်းများ (၅၀) ဦးတို့က စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့​ကြကြောင်း သိရသည်။

(ခရိုင်ပြန်/ဆက်)