ကန့်ဘလူ စက်တင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြိုတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် ခရိုင်စီမံအုပ်ချုပ်အဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ ပူးပေါင်း၍ စားအုန်းဆီကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန် ဆက်လက်ရောင်းချပေးလျက်ရှိရာ စက်တင်ဘာလ (၁၆)ရက်နေ့ နံနက်၊ ၉း၀၀ နာရီက ကန့်ဘလူမြို့ပေါ်ရှိ ဌာနဆိုင်ရာ၀န်ထမ်းများအား ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးတွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စားအုန်းဆီများ ရောင်းချပေးရာတွင် ၀န်ထမ်းတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် စုစုပေါင်း ဆီပိဿာ ၂၇၀၀ ကို တစ်ပိဿာငွေကျပ် ၅၀၀၀ နှုန်းဖြင့် ရောင်းချပေးခဲ့ပြီး မြို့ပေါ်ရပ်ကွက်များကိုလည်း ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်၀င်းငြိမ်း(ကန့်ဘလူ)