တနင်္သာရီ စက်တင်ဘာ ၁၇
၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အဖြစ် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အဆင့် ကဗျာနှင့်စာစီစာကုံးပြိုင်ပွဲကို စက်တင်ဘာလ ၁၆ ရက် နံနက် ၉ နာရီမှ ၁၁နာရီအထိ အ.ထ.က-တနင်္သာရီကျောင်းအတွင်း ကျင်းပပြုလုပ်ရာ အထက်တန်းနှင့်အလယ်တန်းအဆင့် ကျောင်းသူ/သားများ လာရောက်ယှဉ်ပြိုင်ကြပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးခင်အေးနှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်တွင် အလက-လယ်တောင်ယာ၊ အထက-မော်တုန်းနှင့် အထက-တနင်္သာရီကျောင်း တို့မှကျောင်းသူ/သားများက ကဗျာပြိုင်ပွဲတွင် လမ်းပြကြယ်ပမာ မြတ်ဆရာ ခေါင်းစဉ်ဖြင့် အထက်တန်း အဆင့် (၂) မှဦး၊ အလယ်တန်းအဆင့် (၇) ဦးနှင့် စာစီစာကုံးပြိုင်ပွဲတွင် မွန်မြတ်လှပ ဆရာ့ဘဝ ခေါင်းစဉ်ဖြင့် အထက်တန်းအဆင့်မှ (၂) ဦးနှင့် အလယ်တန်းအဆင့်မှ (၃) ဦး…စုစုပေါင်း (၁၄) ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး အဖြေလွှာများကိုစိစစ်ရွေးချယ်ခံရန် မြိတ်ခရိုင်ပညာရေးမှူးရုံးသို့ ဆက်လက်ပေးပို့ရမည်ဖြစ်ကာ ဆုရကျောင်းသူ/သားများအား ကမ္ဘာ့ဆရာများနေ့အခမ်းအနား၌ ဆုချီးမြှင့်ပေးမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
ထိန်ဝင်း (ပြန်/ဆက်)