ရွှေကျင်မြို့နယ် အ-ထ-က(ရွှေကျင်) ကျောင်းတွင် ဘင်ခရာသင်တန်းဆင်းပွဲ အခမ်းအနားအား ကျင်းပ

ရွှေကျင် စက်တင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ဂန့်ဂေါ်ဝိုင်းရပ်ကွက် အ-ထ-က(ရွှေကျင်)ကျောင်း ပညာရတနာခန်းမတွင် ကျောင်းသား/ကျောင်းသူများ၏ ဘင်ခရာသင်တန်းဆင်းပွဲ အခမ်းအနားအား ယမန်နေ့နံနက် (၉) နာရီခွဲ အချိန်က ကျင်းပခဲ့သည်။

အခမ်းအနားတွင် စစ်ဗျူဟာ (အခြေချ) (ရွှေကျင်) မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ဖုန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ရွှေကျင်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပေးကာ ဒုတိယပညာရေးမှူး ဦးဝင်းညွန့်ဦးမှ သင်တန်းနှင့်ပတ်သက်၍ အသေးစိတ်အား ရှင်းလင်းပြောကြားပေးခဲ့သည်။ ဆက်လက်ပြီး တာဝန်ရှိသူများမှ သင်တန်းဆင်း ဘင်ခရာအဖွဲ့အား အထောက်အကူပစ္စည်းများအား ပေးအပ်ခဲ့ပြီး သင်တန်းဆင်းဘင်ခရာ ကျောင်းသား/ကျောင်းသူများမှ ဘင်ခရာစွမ်းရည်ပြသခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ စစ်ဗျူဟာ (အခြေချ) (ရွှေကျင်)မှ စစ်ဗျူဟာမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသက်နိုင်စိုးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဦးစီမှူးများ၊ ဒုတိယပညာရေးမှူးနှင့် ဆရာ/ဆရာမများ၊ ဖိတ်ကြားထားသူများ၊ သင်တန်းဆင်း ကျောင်းသား/ကျောင်းသူများ စုစုပေါင်း အင်အား (၁၂၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)